MNP ၊ သြဂုတ် ၃၀
မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်း သိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ သံတွဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးမှူးကျင်းပသော (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ကို ယနေ့ နေ့လယ်(၁)နာရီကသံတွဲမြို့နယ် ဒွါရာဝတီခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်၊သံတွဲမြို့မှ မြို့မမြို့ဖဦးလှဟန်နှင့် ငပလီမြို့မှ မြို့မိမြို့ဖဦးဖိုးရီအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထိုနောက်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက ၊အရေး၊အတီး ပြိုင်ပွဲ ကို ၂၀၁၇ခုနှစ် မှစကာရပ်နားထားသည်မှာငါးနှစ်ရှိပြီဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများမတိမ်ကောမပပျောက်စေရန်နှင့်မျိုးဆက်သစ်လူငယ်များသို့လက်ဆင့်ကမ်းပေးနိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့်ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝါသနာရှင်ပြိုင်ပွဲဝင်များနှင့်အဖက်ဖက်မှပံ့ပိုးကူညီသူများအားလုံးကိုကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နှင့် တာဝန်ရှိသူအသီးသီး ကဝါသနာရှင်ပြိုင်ပွဲဝင်များနှင့်ပံပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်များက *ဂီတအခြေခံ *သီချင်းဖြင့်အဖွဲ့လိုက်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။
စန္ဒာကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment