MNP - ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆရာတာ် သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booste Dose) အပိုဆောင်း ထပ်မံထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အနောက်ရပ်တောင်ပိုင်းရပ်ကွက် အုဠ်ဖိုလ်တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Boostet Dose) အပိုဆောင်း ထပ်မံထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက သံဃာတော် အရှင်သူမြတ်များနှင့် သာသနာ့အနွယ်ဝင် သီလရှင် (၁၃၀)ပါးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းနှင့် (ပထမ)အကြိမ် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီး (၆)လပြည့်သူများအား ထပ်မံထိုးပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment