နတ်မောက်မြို့နယ် ကျောက်တံခါးရေလှောင်တမံဆည်ရေဖြင့် RS-CS မျိုးစေ့ထုတ် စပါးစိုက်ကွက်များ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ကျောက်တံခါးရေလှောင်တမံဆည်ရေဖြင့် RS-CS မျိုးစေ့ထုတ် စပါးစိုက်ကွက်များ ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၃၀


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်တံခါး ရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်းတွင် စိုက်ပျိုးထားရှိသည့် RS-CS မျိုးစေ့ထုတ်စပါးစိုက်ကွက်များကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နတ်မောက်မြို့နယ်ရှိ လယ်သမားအများစုသည် ဆန်အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန် သည့် ဆင်းသုခစပါးမျိုးများကို စိုက်ပျိုးကြသည်။ အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တောင်သူလယ်သမားများ အလွယ်တကူရရှိရေးအတွက် ကျောက်တံခါးရေလှောင်တမံဆည်ရေသောက် ဧရိယာအတွင်းရှိ ပ/ ဂွေးချိုကျေးရွာနှင့် ပ/ လက်ခုပ်ပင်ကျေးရွာမှ တောင်သူ (၅၄)ဦး၏ လယ်ဧက(၁၈၀)တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးမှုဖြင့် ပွင့်ဖြူမြို့ မျိုသန့်ခြံမှ RS-CS ဆင်းသုခစပါးမျိုးများကို စပါးမျိုးစေ့ထုတ်ဇုန်အဖြစ် သတ်မှတ်ပြီးစိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)