မင်းလှမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး




MNP - ဩဂုတ်   ၁၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနရုံး၌  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ ကျေး စာရေးဝန်ထမ်းများတို့က နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီချိန်ထိ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသူများကို  စတုတ္တအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းအပြင်၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)