MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လသာရပ်ကွက်တွင် သစ်ပင်ကြီး တစ်ပင်ပြိုလဲပြီး လူသုံးဦး ဒဏ်ရာ ရရှိ ကာ ပြိုလဲခဲ့သည့် သစ်ပင်ကြီးအား ယနေ့ နေ့လယ် ၁ နာရီအချိန် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ ဝင်များက ခုတ်ထွင် ရှင်းလင်း ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ် မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့ ဦးဆောင် ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူး ပေါင်းကာ လသာရပ်ကွက်၌ လေပြင်း တိုက်ခတ်မှု ကြောင့် ဈေး ဆိုင်ခန်း များပေါ်သို့ ညောင်ပင်ကြီးလဲကျပြီး ပိနေကာ လမ်းပိတ်ဆို့ နေသဖြင့် ရှင်းလင်းရာ ဆိုင်ခန်း များ ပေါ် ပိမိနေသည့် လုံးပတ်(၂၈)ပေ ၊ အရှည်(၅၀)ပေခန့်ရှိ ညောင် ပင်ကြီးအား ပြည်သူများ အနှောက်အယှက် မဖြစ်ပေါ် စေ ရေး အတွက် အချိန် နှင့် တစ် ပြေးညီ ခုတ်ထွင် ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ညောင်ပင်ကြီး ပြိုလဲကျမှု ကြောင့် (အလျား ၈ပေ ၊အနံ ၈ ပေ၊ အမြင့်၈ ပေ) (သွပ်မိုး ၊ဝါးထရံကာ ၊ပျဉ်ခင်း ၊မြေစိုက်) ဆေး ဆိုင်ခန်း(၁)ခန့် ၊ (အလျား ၈ပေ ၊အနံ ၈ ပေ၊ အမြင့်၈ ပေ၊(သွပ်မိုး ၊ဝါးထရံကာ ၊ပျဉ်ခင်း ၊မြေစိုက်)ဈေးဆိုင်ခန်းဟောင်း(၁)ခန်း ၊ (အလျား ၁၀ ပေ ၊အနံ ၁၀ ပေ၊ အမြင့် ၁၀ ပေ၊(ဓနိမိုး ၊ဝါးထရံကာ ၊မြေစိုက်)ဈေးဆိုင်ခန်းဟောင်း(၁)ခန်း စုစုပေါင်းဈေးဆိုင်ခန်း(၃)ခန်း ပျက်စီး ဆုံးရှုံးကာ အသက်(၂၇) နှစ်အရွယ် အမျိုး သားတစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ(၁)ချက်၊ ယာလက် နှင့် ယာဘက်ပေါင်ပွန်းပဲ့ ဒဏ်ရာရရှိရာ ကျန်နှစ်ဦးမှာ ထိခိုက် ဒဏ်ရာ အနည်းငယ်ရရှိကြသဖြင့် ၎င်းတို့(၃)ဦးမှာ မောင်တောမြို့ပြည်သူ့ဆေးရုံတွင် ဆေး ကုသ မှု ခံ ယူ လျက်ရှိပြီး တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment