MNP ၊ ဩဂုတ် ၈
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ကျောင်းသားကျောင်းသူ လူငယ်လေး မ်ား ၏ ကာ ယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အများရှေ့ပြောဆိုရာ၌ ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်စေရန်နှင့် ဆန်းသစ်တီထွင် ဖန်တီးလိုစိတ်များဖြစ်ပေါ် လာစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်အချိန်က အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Cen tre) ခန်း မတွင် အလယ်တန်းအဆင့်ရှိ ကျောင်း သားလူငယ်များဖြင့်ဒို့ကျေးရွာဂျာနယ် ပါစာရေးဆ ရာ ရွာသားဖိုးမောင် ၏ ပညာနှင့်တူသော အလင်းရောင်ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်း က စာဖတ်ဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ် (၁၀)ပါ ဆောင်းပါးရှင် ရွာသားဖိုးမောင် ၏ ပညာနှင့်တူသော အလင်း ရောင်ဆောင်းပါးပါ ပညာမတတ်သူ၊ ပညာမတတ်တတတ် တတ် ယောင်ကားသူများဟာ လောကအတွက် ကြောက်စရာဖြစ်ပါကြောင်း ရှေးပညာရှိများက ပညာဟူသည်အကောင်းအဆိုး အကျိုးအပြစ် အမှန်အမှား အဓိကနှင့်သာမညတို့ကို ခွဲခြားတတ်ခြင်းကိုခေါ်ကြောင်း ပညာနှင့်တူသောအလင်း ရောင်သည်မရှိ ဥရောပ ပညာရေး ၏သဘောက လေ့လာမှတ်သား၊နားလည်သဘောပေါက်၊အသုံး ချ၊ ခွဲခြမ်းစိတ်ဖြာ၊ စီစစ်အကဲ ဖြတ်၊တီထွင်ဖန်တီးဆန်းသစ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာမြတ်နိုးသူ အမ်းမြို့အမှတ် (၁ ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သူ ကျောင်းသား လူငယ်လေး (၁၄)ဦးတက်ရောက်ကာသိရှိလိုသည်များမေးမြန်းရာ မြို့နယ် ဦးစီးမှူးကရှင်းလင်းခဲ့ကြောင်းသိ ရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment