ကျောင်းကုန်းမြို့နယ်၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်း ၂၄.၁၂% ပြီးစီးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့နယ်၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်း ၂၄.၁၂% ပြီးစီးပြီဖြစ်

 


MNP - ဩဂုတ်   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃:၃၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး က မြေပြင်တွင် အမှန်တကယ်ကွင်းဆင်းဆောင်ရွက်နေရသည့် ရပ်/ကျေးစာရေးများအား ပုံစံ ၆၆/၆ ကိစ္စများ မေးမြန်းကာ စာရင်းမှန်ကန်တိကျစေရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ကျုံပျော်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သီတာဝင်း က ကျောင်းကုန်းမြို့နယ်အနေဖြင့် လက်ရှိအချိန်တွင် ၂၄.၁၂% ထိပြီးစီးနေပြီဖြစ်တဲ့အတွက် ဝမ်းသာပါကြောင်း ဆက်လက်၍ စာရင်းတိကျမှန်ကန်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားခဲ့သည်။


ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုး က လူသန့်ချောင်ကျေးရွာတွင် ကွင်းဆင်းစာရင်းကောက်ယူရာ ကွန်ပျုတာလွဲမှားမှု တွေ့ရှိခဲ့ကြောင်း အမည်ထပ်၊ မှတ်ပုံတင်နံပါတ်ထပ်များအား တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုမြတ်ထိုက် က အသက်(၁၈)နှစ် အထက်၊ အသက်(၁၈)နှစ်အောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပျောက်ဆုံး၊ ပျက်စီး၊ နံပါတ်မမှတ်မိတို့ ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။


အခမ်းအနားသို့ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး  ဦးအောင်နိုင်ဦး၊ ကျုံပျော်ခရိုင် လ..ဝ.က မှူး ဒေါ်ခင်သီတာဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ် လ.ဝ.ကမှူး ဦးအောင်စိုး၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်စုမြတ်ထိုက်နှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)