ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်တောင်သူများ မိုးလယ်မိုးဖြင့်မြေပဲစိုက်ပျိုးချိန် မြေပဲမျိုး ဈေးနှုန်းကြီးမြင့်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်တောင်သူများ မိုးလယ်မိုးဖြင့်မြေပဲစိုက်ပျိုးချိန် မြေပဲမျိုး ဈေးနှုန်းကြီးမြင့်နေ



MNP - ဩဂုတ်   ၇


ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ မြေပဲစိုက်တောင်သူများ မြေပဲစိုက်ပျိုးချိန်ဈေးနှုန်း ကြီးမြင့်နေသောကြောင့် တောင်သူအများစု မျိုးဆုံးမှာ ကြောက်ပြီး စိုက်ပျိုးခြင်းမရှိတော့ကြောင်း ကန်ပတ်လည်ကျေးရွာအုပ်စု လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။


ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ တောင်သူများ  မိုးဦးမိုးရွာသွန်းချိန်  မေလအတွင်းက နောက်မိုးမလိုက်မှာစိုးရိမ်ပြီး မြေပဲမစိုက်ပျိုးကြဘဲ မိုးလယ်မိုးရောက်မှထွန်ယက်စိုက်ပျိုးချိန် မြေပဲဆန်ဈေးနှုန်းကြီးမြင့်နေကြောင်း မြေပဲဆန်ဈေးနှုန်းကြီးမြင့်နေခြင်းကြောင့် မြေပဲမစိုက်ပျိုးတော့သည့် တောင်သူများပြားနေကြောင်း လဲဂွကျေးရွာတောင်သူ ဦးတင်ထွန်းအောင်က ပြောပြသည်။ ကျွန်တော်တို့ မိုးဦးမိုးကျချိန် (ရွာသွန်းချိန်) နောက်မိုးမလိုက်မှာကြောက်ပြီး မိုးလယ်မိုးမှ စိုက်ဖို့ ပြင်ဆင်ခဲ့သော်လည်း   တကယ်မိုးကျလို့ စိုက်မယ်ဆိုတော့ မြေပဲဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် မြေပဲစိုက်တောင်သူများ မစွန့်စားရဲတော့ဘဲ ယာခင်းလွတ်များအတိုင်း ရှိနေကြောင်း ဦးတင်ထွန်းအောင်က ရှင်းပြသည်။ ခြောက်လမြေဆန် တစ်တင်းလျှင် (၈၀၀၀၀)ကျပ်ပေးဝယ်ရပြီး ပဲလေးအဆန်တစ်တင်းလျှင် ကျပ်(၈၅၀၀၀)ဈေးဖြင့် ဝယ်ယူရခြင်းကြောင့် မိုးလယ်မိုးဖြင့် မြေပဲစိုက်ပျိုးမည့် တောင်သူအတော်များများ မစိုက်ပျိုးတော့ကြောင်း သိရသည်။ မြေဆီဈေးနှုန်း မြင့်မားခြင်း နွားထွန်ရှင်းက ဈေးကြီးခြင်း လုပ်သားငှားရမ်းခ ဈေးနှုန်း ကြီးမားခြင်းများနှင့် စိုက်ပျိုးပြီးချိန် အရှုံးနှင့် ရင်ဆိုင်ရသည့် နှစ်များလာခြင်းများကလည်း တောင်သူများ မြေပဲမစိုက်ပျိုးရဲခြင်းက အဓိကအဟန့်အတားဖြစ်လာကြောင်း ဂွေးကုန်းကျေးရွာ ဦးအာင်ထွန်းက ပြောပြ၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)