မင်းလှမြို့နယ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာဆိုင်ရာ အချက်အလက်များကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာဆိုင်ရာ အချက်အလက်များကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်




MNP - ဩဂုတ်  ၇


မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေပေးရေး လုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းနှင့် လက်တွေ့ ဆောင်ရွက်ခြင်းကို မင်းလှမြိုနယ် မလွန်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးအောင်ကြီးနှင့်  ဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာများ၊ မကွေးတိုင်း ဒေသကြီးရုံးတွင် ဖွင့်လှစ်သော GIS သင်တန်းမှ သင်တန်းသား(၂၄)ဦးတို့သည် မလွန်ကျေးရွာတွင် ကျေးလက်ရေပေးရေး လုပ်ငန်းဆောင်ရွက်ရန် ကျေးရွာဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ level survey တိုင်းတာခြင်း၊‌ ရေပိုက်လိုင်းသွယ်တန်းမည့် ရွာတွင်းလမ်းများ တိုင်းတာခြင်း၊ ရေစက်ရုံ(ပွန်တွန်း)၊ ဂါလံ(၁၀၀၀၀)ဆံ့ အုတ်ရေကန်၊ အနည်စစ်ကန်များ တည်‌ဆောက်ရန် လျာထားနေရာများတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး GIS သင်တန်းသားများအား လက်တွေ့သင်တန်းပို့ချပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)