မင်းလှမြို့နယ် ရေခါးကျေးရွာတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး၊ ဝါစိုက်ပျိုးနည်းစနစ် ပညာပေးခြင်းနှင့် တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး အသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ် ရေခါးကျေးရွာတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး၊ ဝါစိုက်ပျိုးနည်းစနစ် ပညာပေးခြင်းနှင့် တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး အသိပညာပေးဆောင်ရွက်

 



MNP - ဩဂုတ်   ၇


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ရေခါးကျေးရွာတွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုး‌ရေး၊ ဝါစိုက်ပျိုးနည်းစနစ် ပညာပေးခြင်းနှင့် တရားမဝင်သစ် ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး အသိပညာပေး‌ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးညီညီနိုင်က မြို့နယ်အတွင်း၌ စားသုံးဆီ ဖူလုံမှုရှိရေးအတွက် ဆီထွက်သီးနှံ နေကြာအားစိုက်ပျိုးရန် လျာထားသည့် စိုက်ဧကများအားလုံးတွင် စိုက်ပျိုးနိုင်ရေးနှင့် ဝါစိုက်ပျိုးရန်တိုးချဲ့ဧရိယာ သတ်မှတ်ထားသော စိုက်ဧကများတွင် ဝါစိုက်ပျိုးနိုင်ရေးနှင့် ဝါစိုက်ပျိုးနည်းစနစ်များကို တောင်သူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ် သစ်တောဦးစီးဌာန ဦးအေးမင်းအောင် (တောခေါင်း) ကတရားမဝင် သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ တရားမဝင် လက်ကိုင်စက်လွှ(Chain Saw)များ ကိုင်ဆောင်မှု      မပြုလုပ်ရေး၊ ရာသီဥတု သမမျှတစေရန် သစ်ပင်များစိုက်ပျိုးရေး၊ သဘာဝသစ်တောသစ်ပင်များ ထိန်းသိမ်း စောင့်ရှောက်ရေးများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် အသိပညာပေး‌ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်းရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)