ကော့ကရိတ်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

 



MNP - သြဂုတ်   ၇


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ လူ့အသိုင်းအဝန်းတွင် တစ်ခြားသူများနည်းတူ ပူးပေါင်းပါဝင်ခွင့်ရရှိစေရေး ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက် ၍ မသန်စွမ်းအခွင့်အရေးဥပဒေ၊ နည်းဥပဒေ အခွင့်အရေးများ ရရှိနိုင်ရန် တူညီသော လူ့အခွင့်အရေးများကို အများနည်းတူ ပါဝင်လုပ်ဆောင်နိုင်စေရန်၊ မသန် စွမ်းသူများအား မှတ်ပုံတင်ဆောင်ရွက်ပေးမှု အခြေအနေ၊ မသန်စွမ်းမှု အဆင့်သတ်မှတ် ပေးခြင်းနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ပြီး အခွင့်အရေးများ လက်လှမ်းမီရရှိစေရန်၊ ခွဲခြားဆက်ဆံခြင်းမရှိစေရန် လူ့အသိုင်းအဝန်းအတွင်း နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနည်းတူ အပြည့်အဝ ပူးပေါင်းပါဝင်ခွင့် ရရှိစေရန်စသည့် အကြောင်းအရာတို့ကို  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)