ကျောက်ဖြူမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ

 



MNP - ဩဂုတ်   ၇


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပညာရေးဒီဂရီကောလိပ်ရှိ သဇင်ဆောင်ရှေ့ မြေကွက်လပ်တွင် ယနေ့၊ နံနက်(၈)နာရီအချိန်က သစ်တောဦးစီးဌာနနှင့် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲကို ကျင်းပခဲ့သည်။


ရှေးဦးစွာ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းက ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီဝင်းအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးနိုင်က ဆရာဦးမောင်မောင်ကြီးအားလည်းကောင်း အသီးသီးပျိုးပင်များ ပေးအပ်ခဲ့ပြီးလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီဝင်းတို့ ဦးဆောင်၍ ဆရာ၊ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ပျိုးပင်များအား စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ သစ်ပင်တွင် မန်ဂျန်ရှား( ၂၀၀)ပင်၊ ကျွန်း(၂၀)ပင်၊ ပင်လယ်ကဗွီး (၃၅)ပင်၊ ပျဉ်းကတိုး (၁၀) ပင်၊ ပိတောက်(၅)ပင်၊ မဲဇာလီ (၂၀)ပင်နှင့် စိန်းပန်း(၁၀)ပင် စုစုပေါင်းပျိုးပင်(၃၀၀)ပင်အားခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများ ပူးပေါင်း၍ အင်အား(၂၅၀)ခန့် ပျော်ပျော်ပါးပါး စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)