မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဈေးမြင့်တက်၍ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဈေးမြင့်တက်၍ အဆင်ပြေ

 


MNP - ဩဂုတ်   ၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အဆင်‌ပြေလျက် ရှိကြကြောင်း ရွာသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးလှစိုးထံမှ သိရသည်။


မင်းဘူး(စကု)မြို့နယ်တွင် မိုးဦးမြေပဲဧက ၈၁၅၃ ဧက စိုက်ပျိုးထားသော်လည်း ဝယ်လိုအားကောင်းခဲ့ပြီး စားဆီဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ မြေပဲဆံတစ်တင်းလျှင် ကျပ် (၁၀၀,၀၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀) ဈေးအထိ မြင့်တက်‌နေ၍  မြေပဲစိုက် တောင်သူများအ‌နေဖြင့် အဆင်ပြေကြကြောင်းလည်း သိရသည်။


မင်းဘူး(စကု)မြို့နယ်၏ စားဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာ (၁၁၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၁၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာ (၁၀၀၀၀) ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် (၉၀၀၀) တို့ ဖြစ်ပြီး စားဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသောကြောင့် မိုးလယ်နှင့် မိုးနှောင်း ကာလများတွင် ဆီထွက်သီးနှံများ တိုးချဲ့၍လျာထား စိုက်ပျိုးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)