ကျောက်ဆည်မြို့၌ ယမန်နှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧကထက် (၁၈)ဧကပိုမိုစိုက်ပျိုးရန် လျာထားပြီး စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ ယမန်နှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧကထက် (၁၈)ဧကပိုမိုစိုက်ပျိုးရန် လျာထားပြီး စတင်စိုက်ပျိုး

 



MNP - ဩဂုတ်   ၇


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ယမန်နှစ်က မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက လျာထား စိုက်ပျိုးနိုင်ခဲ့ပြီး ယခု(၂၀၂၂-၂၀၂၃)ယဏ္ဍာနှစ်တွင် (၁၈)ဧက ပိုမိုစိုက်ပျိုးရန်အတွက် (၅၂၈၁၇)ဧက လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်၌ မိုးစပါးများကို  နွားတက်၊ ကွမ်းဆေး၊ အထက်လင်းဇင်း၊ ငပြောင်၊ သင်းတွဲ၊ သင်းဒီး၊ မင်းရဲ၊  ဇီးတော၊  တမုတ်၊ ထုံးကြီး၊ စမာ ရေးပေးဝေမြောင်းများမှ မြောင်းရေသောက်စနစ်ဖြင့် (၃၅၉၉၄)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၆၀၂၇)ဧက၊ သစ်တက္ကုန်းဆည်ရေသောက် စနစ်ဖြင့် (၄၃၆)ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် (၂၅၀)ဧက၊ မြေအောက်ရေ(စက်ရေတွင်း)ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မိုးစပါးများစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများ ကူညီဖြည့်ဆည်းပေးလျက်ရှိပြီး မြို့နယ် ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)