ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး



MNP - ဩဂုတ်   ၇


ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက် ၈ နာရီခွဲအချိန် မောင်တော -ဘူးသီး တောင် ကားလမ်းမဘေးရှိ သစ်တောဌာနပိုင် မြေနေရာတွင် စိုက်ပျိုးခဲ့ကြသည်။


ရှေးဦးစွာ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်သစ်တောဦးစီမှူး ဦးပုန်ဇဂင့်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများကို ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊  ခရိုင်သစ်တောဦးစီမှူး ဦးပုန်ဇဂင့်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး အိမ်တွင်းမှုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး၊ ဆရာမများနှင့် သင်တန်းသူများ၊ (၃)မိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊သူများ၊ ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ အသင်းသားများ ၊ ပြည်သူများ စုစုပေါင်း အင်အား ၂၀၀ခန့်က သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များအား စနစ်တကျ တစ်ပျော်တစ်ပါး ပျိုး ပင်များကို စိုက်ပျိုးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်၊တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင်  ကျွန်း ၅၀ ၊ ပျဉ်းကတိုး ၅၀ ၊ မန်ဂျန်ရှား ၁၅၀ ၊ မဟော်ဂနီ ၂၀ ၊ရေသင်း ဝင် ၃၀  စုစုပေါင်း ၃၀၀ ပင်အား သတ်မှတ်နေရာ အသီးသီး စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၊ ရာသီဥတု ကောင်းမွန်မျှစေရေး ၊ အရိပ်အာဝါသနှင့် မျက်စိပဿဒ အကျိုးများရရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)