မြို့သစ်တွင် မိုးစပါးလျာထားဧက (၅၉၅ ၉၅) ဧကရှိရာ(၁၉၉၆၀)ဧကကျော်စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်တွင် မိုးစပါးလျာထားဧက (၅၉၅ ၉၅) ဧကရှိရာ(၁၉၉၆၀)ဧကကျော်စိုက်ပျိုးပြီးစီး

 



MNP - သြဂုတ်   ၇


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်လျာထားချက် ဧက (၅၉၅၉၅)ရှိရာ စိုက်ပြီး(၁၉၉၆၀)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း လျာာထားချက်ပြည့်မှီရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။


မိုးစပါးကို ဇူလိုင်ပထမပတ်တွင် အများဆုံး စတင်စိုက်ပျိုးကြပြီး လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးနိုင်ရန်နှင့် စပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း (၁၀၀)ကျော် အထွက်နှုန်း ရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေး နည်းပညာများဖြင့် ကူညီပေးလျက်ရှိကြောင်း၊ အဆိုပါစပါများကို အောက်တိုဘာလကုန်ခန့်မှ စတင်၍ ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)