ရွှေတောင်မြို့နယ်တွင် GAHP နှင့် နွားမွေးမြူရေးသင်တန်း ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် GAHP နှင့် နွားမွေးမြူရေးသင်တန်း ဖွင့်လှစ်ပို့ချ



MNP - ဩဂုတ်   ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက GAHP နှင့် နွားမွေးမြူရေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြည်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက ရွှေတောင်မြို့နယ်တွင် မွေးမြူထားရှိသော တိရစ္ဆာန်များ၏ အသား အရည်အသွေး မြင့်မားတိုးတက် ကောင်းမွန်‌စေရန်၊ အသား အရည်အသွေး၊ ဥများတွင် ဓာတု၊ ဓာတ်ကြွင်းပစ္စည်း အနုပဠိဇီဝဆေး အကြွင်းအကျန်မပါရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အသားအရည်အသွေး မြင့်မြင့်မားမား စားသုံးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ CAHW တိရစ္ဆာန်ကျန်းမာရေးလုပ်သားနှင့် မွေးမြူရေးကို လက်တွေ့လုပ်ကိုင်နေသော သင်တန်းသား (၂၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၈-၈-၂၀၂၂) မှ (၂၁-၈-၂၀၂၂) ထိ (၄)ရက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဤသင်တန်းတွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်၏ အဓိပ္ပာယ်၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် နွားမွေးမြူရေး၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို  ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)