ပန်းတောင်းမြို့နယ် ကျေးရွာ(၂)ရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ် ကျေးရွာ(၂)ရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး



MNP - သြဂုတ်   ၁၉


ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် တမာကုန်းရွာနှင့် လဲကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူး(နည်း) ဦးအောင်ဝေထွန်း ဦးဆောင်၍ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ပန်းတောင်းမြို့နယ်အတွင်း မြန်မာအလင်းနှစ် ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့်  တမာကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း အရှည် ၈၀၀ ပေရှိ ပိုက်လိုင်းသွယ်တန်းခြင်း၊ အလျားရှစ်ပေ၊ အနံရှစ်ပေနှင့် အမြင့်ခုနစ်ပေရှိ Pontoon၊ အလျား ၁၀ ပေ၊ အနံ ၁၅ ပေနှင့် အမြင့်ခြောက်ပေရှိ ရေကန်တည်ဆောက်ခြင်းနှင့် ခေတ္တရာပန်းရွှေပြည်ကုမ္ပဏီက တင်ဒါစနစ်ဖြင့်ဆောင်ရွက်‌နေသည့် လဲကျေးရွာတွင် ကုန်ထုတ်လမ်း (ဝ/၅.၄၆)မိုင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)