ပေါင်းတည်မြို့ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ဆေး ကုသပေးခြင်းကို ကြည့်ရှုအားပေးပြီး လှူဖွယ်ပစ္စည်းများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ဆေး ကုသပေးခြင်းကို ကြည့်ရှုအားပေးပြီး လှူဖွယ်ပစ္စည်းများ လှူဒါန်း

 



MNP - သြဂုတ်   ၁၉


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ပေါင်းတည်မြို့ မင်းကွက် ၁ရပ်ကွက် တာပွန်လမ်းရှိ ပေါင်းတည်ဘိုးဘွားရိပ်သာသို့ ရောက်ရှိလာပြီး အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ဆေးကုသပေးခြင်းကို ကြည့်ရှုအားပေးပြီး လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။


ပြည်ခရိုင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့်အဖွဲ့သည် ပေါင်းတည် ဘိုးဘွားရိပ်သာရှိ စိန်ရတုအဆောင်၌ အဘိုး(၈)ဦး အဘွား(၃၁)ဦး စုစုပေါင်း (၃၉)ဦးတို့အား တစရ(၆/၁၀၀)မှ ဗိုလ်မှူးအောင်စည်သူကျော် ဦးဆောင်သောအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးမှုအား ကြည့်ရှုအားပေးပြီး ထမင်းစားဆောင်၌ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ နို့မှုန့်စသည့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် ဘွားဦးဇွန်းပြတိုက်အား ကြည့်ရှုလေ့လာပြီး ဘိုးဘွားရိပ်သာတာဝန်ရှိ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။ ဆက်လက်၍ အဘိုးအဘွားများအား နေ့ဆွမ်းကျွေးမွေးပြီး လှူဒါန်းမှုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)