မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ်(GLMS) စနစ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် နိုင်ငံတော်အဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုတံဆိပ် (HSP) တံဆိပ်ပေးအပ်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ်(GLMS) စနစ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် နိုင်ငံတော်အဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုတံဆိပ် (HSP) တံဆိပ်ပေးအပ်ပွဲ အခမ်းအနား တက်ရောက်



MNP - ဩဂုတ်   ၁၉


ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်မှုဖြင့် ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS) စနစ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် နိုင်ငံတော်အဆင့် ကျန်းမာ‌ရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုတံဆိပ် (HSP) တံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့ ပသာဒ ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကား ပြောကြားရာ ဧည့်သည်စာရင်းစီမံခန့်ခွဲမှု (GLMS) စနစ် အသုံးပြု၍ ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ်ကို အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌ရေး ဗဟိုကော်မတီမှ အတည်ပြုခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းမှ ဟိုတယ်၊ တည်းခိုရိပ်သာများမှလည်း နေ့စဉ် (GLMS) စနစ်အား သုံးစွဲနေပြီဖြစ်ကြောင်း၊ ဟိုတယ်တည်းခိုရိပ်သာများမှလည်း နေ့စဉ်(GLMS) စနစ်အား အသုံးပြု၍ ပေးပို့ဆောင်ရွက်သွားရန် လိုအပ်‌ကြောင်း၊ ရေရှည်တွင် ကုန်ကျစရိတ်များ သက်သာစေ၍ အကျိုးရှိမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ်တွင် အသုံးပြုခွင့်များ ခွင့်ပြုပေးထားပြီးဖြစ်၍ စနစ်တကျသုံးစွဲ၍ စည်းကမ်းချက်များကို တိကျလိုက်နာရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က နိုင်ငံတော်အဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုတံဆိပ်(HSP) နိုင်ငံတော်အဆင့်ရရှိထားသည့် ဖန်ခါးမြေဟိုတယ်အား အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့် ခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများက နိုင်ငံတော်အဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြု တံဆိပ်(HSP) ရရှိထားသည့် ဟိုတယ်များဖြစ်သည့် ပုလဲရွှေရည်ဟိုတယ်၊ မြင့်မိုရ်စံဟိုတယ်၊ ဖန်ခါးမြေဟိုတယ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ၊ လုံခြုံရေးအတွက် အသုံးပြုရန်ထားရှိသည့် Hand Held Metal Detector စက်များ အသုံးပြုနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မြန်မာနိုင်ငံဟော်တယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဧည့်စာရင်း လက်ခံအသုံးပြုမည့် တာဝန်ရှိဌာနဆိုင်ရာများနှင့် ဟိုတယ်ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား (၃၀)ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)