မြိုင်မြို့နယ် တွင်းမကျေးရွာအုပ်စု ကန်အောက်ကျေးရွာတွင် တိမ်းရှောင်နေသူများကို KIA, PDF အကြမ်းဖက်အဖွဲ့က လာသတ်သွားကြောင်း ဒေသခံများထံမှ သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ် တွင်းမကျေးရွာအုပ်စု ကန်အောက်ကျေးရွာတွင် တိမ်းရှောင်နေသူများကို KIA, PDF အကြမ်းဖက်အဖွဲ့က လာသတ်သွားကြောင်း ဒေသခံများထံမှ သိရ

 



MNP ၊ သြဂုတ် ၇

မြိုင်မြို့နယ်၊ တွင်းမကျေးရွာအုပ်စု၊ ကန်အောက်ကျေးရွာ ဦးသာပိုနေအိမ်တွင် ရပ်ဆွေရပ်မျိုး တိမ်းရှောင်နေထိုင်ကြသူများကို KIA, PDF အကြမ်းဖက်သမားများက သတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဒေသခံတစ်ဦးက "မနေ့က ဖြစ်စဉ်ပါပဲ။ KIA, PDF အကြမ်းဖက်အုပ်စုက ၃စုလောက် ခွဲလာကြတာ။ သူတို့တွေက ဘုန်းကြီးကျောင်းထဲကနေ ပစ်တာတစ်ဖွဲ့။ ကန်အောက်ရွာဘက်ကနေ ဦးသာပိုနေအိမ်မှာ ရှိတဲ့ လူတွေကို သတ်ပြီး တက်လာတာတစ်ဖွဲ့။ နောက်ထပ် တပ်ကို ပစ်တာတစ်ဖွဲ့ပေါ့။ အဲဒီလို ၃ဖွဲ့ခွဲပြီး လာတိုက်တာပါ။ ဦးသာပိုအိမ်မှာ နေတဲ့ ကလေးတွေလည်း အသတ်ခံရတယ်။ အဲဒီအိမ်က ၁၂ယောက်လောက် အသတ်ခံရတယ်။ သေစာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ သေဆုံးမှုစာရင်းများတယ်လို့ သိရပါတယ်။" ဟု ပြောသည်။

မြိုင်မြို့နယ်အတွင်း KIA, PDF အကြမ်းဖက်စခန်း အဓိကနေရာ ၂နေရာခန့် ရှိကြောင်း၊ ရှင်းလင်းပေးရန် အထက်ကို တင်ပြသော်လည်း ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အကြောင်းမဲ့ ပြည်သူတွေကို လာဖမ်းပြီး သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံက မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)