ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ

 



MNP - ဩဂုတ်  ၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် (၁၀:၀၀)အချိန် က ပညာနေခြည်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုင်ပွဲအမျိုးအစားများဖြစ်သော မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ် ဇာတိဂုဏ် အမျိုးအစားများအား ပြိုင်ပွဲဝင် (၈၂)ဦးမှ စာရင်းပေးသွင်းထားရှိပြီး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အတီးပြိုင်ပွဲတွင်လည်း ပြိုင်ပွဲဝင်အမျိုးအစားများ ဖြစ်သော မယ်ဒလင်၊ ဒုံမင်း၊ စန္ဒယား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၆)ဦး စာရင်းပေးသွင်းထားပြီး (၁၃)ဦး လာရောက်ယှဉ်ပြိုင်ခဲ့ပြီး နှဲ၊ ပလွေ၊ ဂီတာ၊ ပတ္တလား၊ တယော၊ စောင်း ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် (၁၅)ဦး စာရင်းပေးသွင်းထားကာ (၁၅)ဦး လုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


ထို့သို့ယှဉ်ပြိုင်နေမှုများအား ဧည့်ပရိသတ်များနှင့် အကဲဖြတ်ဒိုင်လူကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို (၆.၈.၂၀၂၂)ရက်နေ့မှ (၇.၈.၂၀၂၂)ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)