အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား


MNP ၊ သြဂုတ် ၆

ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ဖနွမ်းပင်မြို့၌ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက်ရောက်ပြီးနောက် ပြည်တွင်းပြည်ပသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား ဆန့်ကျင်မှုနှင့် ထပ်တလဲလဲ ကန့်ကွက်မှုကို လျစ်လျူရှု၍၊ တကယ်တမ်းတွင် အမေရိကန်အစိုးရ၏ လက်ခံမှုနှင့် စီစဉ်မှုအောက်၌ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ပြောင်ပြောင်တင်းတင်း သွားရောက်ခဲ့ကြောင်း၊ ကျိုးကြောင်းဆီလျော်မှုမရှိသော ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


Mr. Wang Yi က အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား ဆန့်ကျင်မှုနှင့် ထပ်တလဲလဲ ကန့်ကွက်မှုကို လျစ်လျူရှု၍၊ တကယ်တမ်းတွင် အမေရိကန်အစိုးရ၏ လက်ခံမှုနှင့် စီစဉ်မှုအောက်၌ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ပြောင်ပြောင်တင်းတင်း သွားရောက်ခဲ့ကြောင်း၊ ကျိုးကြောင်းဆီလျော်မှုမရှိသော ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်ထားရှိသည့် ကတိကဝတ်များကို ပြင်းထန်စွာ ချိုးဖောက်ပြီး ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက နည်းလမ်းကျစွာ ပြတ်ပြတ်သားသား တုံ့ပြန်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရပ်တည်ချက်သည် တရားဝင်၍ ကျိုးကြောင်းဆီလျော်မှုရှိပြီး ဥပဒေနှင့်ညီညွတ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှုများသည် ခိုင်မာအားကောင်းပြီး သင့်တင့်လျောက်ပတ်မှု ရှိကြောင်း၊ မိမိတို့၏ စစ်ရေးလေ့ကျင့်မှုသည် ပွင့်လင်းမြင်သာမှုရှိပြီး ကျွမ်းကျင်ပိုင်နိုင်မှုရှိကြောင်း၊ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြဿနာဖန်တီးသူကို သတိပေးရန် ဖြစ်ပြီး “ထိုင်ဝမ်လွတ်လပ်ရေး” ဟူသောအင်အားစုများကို  သတိပေးဒဏ်ခတ်ရန် ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တစိုက်မတ်မတ် ကာကွယ်စောင့်ရှောက်ပြီး အမေရိကန်၏ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ရန်” ကြံစည်မှုကို ပြတ်ပြတ်သားသား တားဆီးကြောင်း၊ ထိုင်ဝမ်အာဏာပိုင်များ၏ “အမေရိကန်ကို အားကိုး၍ ခွဲထွက်ရန် ကြံစည်ခြင်း” စိတ်ကူးယဉ်မှုကို ပြတ်ပြတ်သားသား ချေဖျက်ကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း ဖြစ်ကြောင်း၊ အထူးသဖြင့် ကုလသမဂ္ဂပဋိပညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဟူသည့် အရေးကြီးဆုံး နိုင်ငံတကာစည်းမျဉ်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။


Mr. Wang Yi ၏ ရှင်းလင်းပြောကြားချက်တွင် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လျစ်လျူရှုပြီး စွန့်ပယ်ပါက ဤကမ္ဘာကြီးသည် တောတွင်းဥပဒေအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်ပြီး အမေရိကန်သည် အခြားနိုင်ငံများကို အထူးသဖြင့် အသေးစားနှင့် အလတ်စားနိုင်ငံ အများအပြားကို ၎င်း၏ လက်တွေ့စွမ်းရည်ဟူသော အရာဖြင့် ပို၍ မဆင်မခြင် အနိုင်ကျင့်လာမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခြေအနေများ ပေါ်ပေါက်ခြင်းကို မိမိတို့ ခွင့်မပြုနိုင်ကြောင်း၊ နိုင်ငံအသီးသီးသည်လည်း စည်းလုံးညီညွတ်စွာဖြင့် ထိုကဲ့သို့အခြေအနေများကို အဖြစ်မခံသင့်ကြောင်း၊ လူသားယဉ်ကျေးမှုဖြစ်စဉ် နောက်ပြန်ဆုတ်ခြင်းကို ခွင့်မပြုသင့်ကြောင်း ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)