မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကံမမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းနေမှုကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကံမမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းနေမှုကို ကြည့်ရှုစစ်ဆေး



MNP - ဩဂုတ်   ၆


မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကံမမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program ဖြင့် ရိုက်ကူးထည့်သွင်းခြင်း လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များ၏ အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေးအတွက် နိုင်ငံသားကိုယ်ရေး မှတ်တမ်းအချက်အလက်များကို e-ID စနစ်ဖြင့် Software Program အသုံးပြုကာ ကွန်ပျူတာအတွင်းသို့ ထည့်သွင်းသည့်လုပ်ငန်းကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လူမှုရေးရာဝန်ကြီးက အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ကံမမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၁၈၃၃၉)အိမ်ထောင်စုရှိပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဝန်ထမ်း(၃)ဦးနှင့် အခြားဌာနများမှ ဝန်ထမ်း(၉)ဦး စုစုပေါင်းဝန်ထမ်း (၁၂)ဦးဖြင့် သတ်မှတ်ကာလအတွင်း အောင်မြင်စွာ စာရင်းရေးသွင်းပြီးစီးနိုင်ရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)