“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပ






ရန်ကုန်၊ ဩဂုတ် ၆ 

ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်ကို  ဩဂုတ်လ (၄)ရက်နေ့ ညနေပိုင်းက ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ ဘက်စုံသုံးခန်းမ (Multi-functional Hall) ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတာဝန်ခံ Ms. Xu Ling ၊ FSG (Myanmar) Security Services Co., Ltd ၏ ဒုတိယမန်နေဂျာ Mr. He Lei ၊ လုံခြုံရေးအရာရှိ Mr. Zhang Xiaoqu ၊ Mr. Li Yong တို့နှင့်အတူ ယင်းကုမ္ပဏီမှ မြန်မာဝန်ထမ်း (၃၀)ကျော် တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

ပွဲအစီအစဉ်များ မစတင်မီ တရုတ်နိုင်ငံ၏ သာယာလှပသော သဘာဝရှုမျှော်ခင်းများ၊ နက်ရှိုင်းသော သမိုင်းဝင်ယဉ်ကျေးမှုများ၊ တစ်မူထူးခြားသော ရိုးရာဓလေ့ထုံးတမ်းများနှင့် လှပသော အကအနုပညာများအကြောင်းများ သရုပ်ဖော်ပြသသော တရုတ်ရိုးရာပွဲတော်ဂန္ထဝင်အကများ၊ “China Beyond Your Imagination” နှင့် “Beautiful China” အစရှိသော ဗီဒီယိုများကို ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

ထို့နောက်အခမ်းအနားမှူးမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အကြောင်းအရာများကို မိတ်ဆက်ပေးပြီးနောက် CGTN မှ စီစဉ်ရိုက်ကူးထားသော “Facing the Flood”  အင်္ဂလိပ်ဗားရှင်း မှတ်တမ်းရုပ်ရှင်နှင့် မြန်မာစာတန်းထိုး “ရှောင်လင်ကွန်ဖူးရဲ့ လျှို့ဝှက်ချက်” မှတ်တမ်းရုပ်ရှင်ကို ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။

“Facing the Flood”  မှတ်တမ်းရုပ်ရှင်သည် ၂၀၂၀ ခုနှစ် နွေရာသီတွင် တရုတ်နိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့စဉ် စေတနာ့ဝန်ထမ်းနှစ်ဦးက ရေကြီးရေလျှံမှုများ အဆိုးဝါးဆုံးအချိန် လှေဖြင့် ရေဘေးဒုက္ခကြုံတွေ့နေသူများအား မည်ကဲ့သို့ကယ်ဆယ်ခဲ့ပုံများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ကြောင်းနှင့် “ရှောင်လင်ကွန်ဖူးရဲ့ လျှို့ဝှက်ချက်” သည် တရုတ်ဝူရှူးသိုင်းပညာလောက၏ ကျယ်ပြန့်နက်နဲမှုကို သက်ဝင်ထင်ရှားစွာ သရုပ်ဖော်ပြသသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ကြောင်း သိရသည်။  

အဆိုပါရုပ်ရှင်ပွဲတော်တွင်  တရုတ်ယဉ်ကျေးမှုနှင့် ဗဟုသုတဆိုင်ရာ ဦးသူဖြေစနစ် အမေးအဖြေကဏ္ဍ၊  “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း” အထိမ်းအမှတ် ဓာတ်ပုံပြပွဲ နှင့် စာကြည့်တိုက် လေ့လာကြည့်ရှုခြင်းအစီအစဉ်များ ပါဝင်ရာ ပရိသတ်များက တက်ကြွစွာ ပါဝင်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က ယခုကျင်းပပြုလုပ်ခဲ့သော “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”မှတစ်ဆင့် မြန်မာပြည်သူများ တရုတ်နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်၊နှစ်သက်လာစေရန်၊ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု၊ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ စင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှု အစီအစဉ်များစွာကို ဆက်လက်ကျင်းပပြီး ပရိသတ်များအတွက် မှတ်တမ်းရုပ်ရှင်လက်ရာကောင်း များစွာကိုလည်း တင်ဆက်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)