MNP ၊ သြဂုတ် ၁၇
ယနေ့ တန့်ဆည်မြို့နယ်၊ ဗျက်ကြီး ကျေးရွာတွင် ဆက်ကြေးမပေးသည့် နေအိမ် ၃လုံးကို PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ဒေသခံတစ်ဦးက "မနက်က PDF တွေက ကားနဲ့လာပြီး ဆက်ကြေးမပေးလို့ဆိုပြီး ၁အိမ်ကို မီးရှို့သွားတယ်။ ညနေခင်း တစ်ခါပြန်လာပြီး နောက်ထပ် ၂အိမ်ကို ထပ်ရှို့သွားတယ်။ ပထမဆုံး အရှို့ခံလိုက်ရတဲ့ အိမ်က ဦးထွန်းစံ အိမ်။" ဟု ပြောသည်။
တန့်ဆည်မြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်း၍ ရပ်ရွာကာကွယ်ရေးဆောင်ရွက်နိုင်သော ကျေးရွာများတွင် KIA, PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်ဖျက်ဆီးနိုင်ခြင်း မရှိသော်လည်း အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ခြင်း မရှိသေးသည့် ကျေးရွာများတွင် KIA, PDF အကြမ်းဖက်အဖွဲ့များကို ဆက်ကြေးပေးနေကြရပြီး ဆက်ကြေးပေးဆောင်နိုင်ခြင်း မရှိသည့်အခါ လူမဆန်သော လုပ်ရပ်များကို KIA, PDF အကြမ်းဖက်အဖွဲ့က ကျူးလွန်နေဆဲဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment