MNP ၊ သြဂုတ် ၁၇
ကျွန်းလှမြို့နယ်တွင် ရေနံအမြောက်အများ ထွက်ရှိနေပြီး ရေနံတွင်းများကို KIA, PDF အကြမ်းဖက်အဖွဲ့များက လက်နက်အားကိုးဖြင့် စိုးမိုးခြယ်လှယ်၍ ဆက်ကြေးကောက်ခံ စီးပွာရှာနေကြောင်း ဆက်စပ်သတင်းများကို မြန်မာနေရှင်နယ်ပို့စ်မှ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ရေနံတွင်း (ဒေသအခေါ် - လျှံတွင်း) တစ်တွင်းလျှင် နေ့စဉ် ဆီပေပါ ၁၀၀၀ ကျော် ထွက်ရှိရာ နေ့စဉ် ဆီပေပါ ၁၀၀၀၀ ဝန်းကျင်ထွက်ရှိရာဒေသမှ KIA, PDF အကြမ်းဖက်အဖွဲ့က ဆက်ကြေးအမြောက်အများ ရရှိနေပြီး လျှံတွင်းတချို့ကို PDF ခေါင်းဆောင်များက လုပ်ကိုင်နေခြင်း ဖြစ်ပြီး ၁၄-၈-၂၀၂၂ ရက်နေ့က တန့်ဆည်မြို့နယ် မှ PDF ခေါင်းဆောင် ၃ဦးက ရေနံတွင်းများတွင် အသုံးပြုရန် ထွန်စက်ကြီး (၁၀)စီး မန္တလေးမြို့မှ ဝယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက "စက်ယန္တရားတွေက ရေနံတွင်းတွေဆီရောက်သွားပြီ။ တန့်ဆည်ဘက်ကနေ သွင်းတာပေါ့။ သူတို့က PDF စိုးမိုးထားတဲ့ လမ်းတွေကနေ သွင်းသွားတာ။ တစ်ရွာ တစ်ရွာမှာ PDF ဂိတ် ၂ဂိတ် ရှိတယ်။ ပုတီးရွာသားပဲ။ PDF ခေါင်းဆောင် ဇော်ဦးရယ်၊ ကျော်သူရယ်၊ ကျော်မြင့်နိုင်ရယ်။ လျှံတွင်း တစ်တွင်းကို နေ့စဉ် ပေပါ ၉၀၀ ကျော် တစ်ထောင် ထွက်နေတာ။ နေ့စဉ် ဆီပေပါ တစ်သောင်းကျော်ဆိုတာ လျှော့ပြောထားတာ။" ဟု ပြောသည်။
အဆိုပါဒေသအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြပြီး ဖြစ်သော်လည်း ရှင်းလင်းခြင်း မရှိသောကြောင့် KIA, PDF အကြမ်းဖက်အဖွဲ့များအတွက် ငွေကြေးအမြောက်အများ အထောက်အပံ့ရနေခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment