MNP ၊ ဩဂုတ် ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ Second Booster (၄)ကြိမ်မြောက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဝါရီရူခန်းမ၌ စတင်ထိုးနှံ ပေးကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက် ပေးလျှက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ဆရာဝန်ကြီး နှင့်ကျန်းမာရေးဝန်ထမ်းများမှ သက်ဆိုင်ရာအုပ်စု များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်းတွင်မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာရှိအုပ်ချုပ်ရေးမှုးတို့ကမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိပြည်သူများအား Second Booster(၄)ကြိမ်မြောက် ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး Second Booster(၄)ကြိမ်မြောက်စတင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment