MNP - ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ၊ ပြည်ထောင်စုအားကစားကွင်းတွင် ယမန်နေ့နံနက်(၉)နာရီ အချိန်က Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောင်းပေါင်းစုံ ပြေး/ခုန်/ပစ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကာ ပြောကြားပြီး Shinning Myanmar Co;Ltd မန်းနေးဂျင်း ဒါရိုက်တာ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြကာ ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ Shinning Myanmar Co;Ltd မန်းနေးဂျင်းဒါရိုက်တာ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်တို့က Synthetic Full P.U ပြေးလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အားကစားပြိုင်ပွဲများဆက်လက်ကျင်းပရာ မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မီတာ(၁၀၀) အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲကို လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment