ပေါင်မြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ



MNP - ဩဂုတ်   ၁၂


မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်  မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ သထုံခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကြင်ထွန်း၊ ပေါင်မြို့နယ်ရဲမှုး သံဘရောင် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကိုက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုန့်ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များကို စနစ်တကျဖြင့် အမြန်ဆုံးပူးပေါင်းဆောင် ရွက်နိုင်ရေးတို့ကို ဦးဆောင်ဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပေါင်မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မွန်မလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)