MNP - သြဂုတ် ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က မိုးရာသီနှင့်ကျန်းမာရေး သိကောင်းစရာအသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး(TalkShow) ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ မိုးရာသီနှင့်ကျန်းမာရေးသည် လူသားတိုင်းအတွက် အလွန်အရေးကြီးကြောင်း၊ ရာသီဥတုနှင့်အညီ နေထိုင်စားသောက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှုနေ့စဉ်ပြုမှုများကြောင့် မကျန်းမမာဖြစ်ကြပြီး သောကဘေးနှင့်ရင်ဆိုင်ရတတ်ကြောင်း၊ မိုးရာသီမိုးဦးကာလတွင် သဘာဝဘေးအန္တရာယ်များ မမျှော်မှန်းနိုင်သလို နေပူလိုက်၊ မိုးကျလိုက်၊ လေတိုက်လိုက်ဖြစ်တတ်သဖြင့် အပူအအေးမညီမျှမှုများ ဖြစ်ရပါကြောင်း၊ ပူရာမှအေးခြင်း၊ အေးရာမှပူခြင်း အပြောင်းအလဲမြန်မှုကြောင့် မိုးရာသီသည် နွေနှင့်ဆောင်းဥတုရာသီများထက် ကျန်းမာရေးကို အထူးဂရုစိုက်သင့်သည့် ရာသီဖြစ်ကြောင်း၊ မိုးရာသိကာလအတွင်း နှာစေး၊ နှာမွှန်ခြင်း၊ အဆုတ်အအေးပတ်ချောင်းဆိုးခြင်းများ အသက်အရွယ်မရွေးဖြစ်တတ်သဖြင့် အပူအအေးမျှတစာကို စားသုံးပေးရမည်ဖြစ်ကြောင်း၊ မိုးတွင်းကာလမှာ ပိန္နဲ၊ သြဇာ၊ သရက်၊ ငှက်ပျောစသည့် သီးနှံတွေပေါများစွာ ထွက်တတ်၍ အအေးဓာတ်များလွန်းသဖြင့် လွန်ကျွံအောင်မစားမိရန်လိုအပ်ပါကြောင်း၊ ဒေါ်လွေးအေးတင်(ဒုတိယဦးစီးမှုး)က မိုးရာသီတွင် လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအသက်အရွယ်မရွေး ဝမ်းကိုက်ရောဂါဖြစ်တတ်၍ ဝမ်းကိုက် ရောဂါအမျိုးအစားများ၊ ရောဂါဖြစ်စေတတ်သောအကြောင်းရင်းများ၊ အမီးဘားကပ်ပါးပိုးကြောင့်ဖြစ်သော ဝမ်းကိုက်ရောဂါလက္ခဏာများ၊ ဝမ်းကိုက်ရောဂါကာကွယ်ရန်နည်းလမ်းများ၊ အကြံပြုချက်များအား ပြည်သူများ ဗဟုသုတရရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment