MNP - ဩဂုတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၂ နာရီက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်တို့က အမှိုက်များစည်းကမ်းမဲ့စွန့်ပစ် ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ ပလတ်စတစ်၏ဆိုးကျိုးများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် ပလတ်စတစ်လျှော့ချသုံးစွဲရေး စသည်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment