အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်



MNP - သြဂုတ်   ၂၀


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာ၊ ရွာလယ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမရပူရ မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် အမရပူရမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်တေဇနှင့် အတွင်းရေးမှူး ရဲမှူး မျိုးလွင်အောင်တို့က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကို ပြောကြားခဲ့သည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာက လိုအပ်သည်များကို တင်ပြပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားပြီး ကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့် တစ်နှစ်အောက် ကလေးမိခင်များအတွက် ကြက်ဥများကို ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး ကျေးရွာပြည်သူလူထုက တင်ပြသော အချက်အလက်များကို သက်ဆိုင်ရာ ဌာနများက ပြန်လည် ရှင်းလင်းခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ကျန်မာရေး ဦးစီးဌာနက ကျေးရွာအတွင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူများ၊ နှစ်ကြိမ်ထိုးပြီး ၆ လ ကျော်သူများအား ထပ်ဆောင်းဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)