သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

 


MNP - ဩဂုတ်   ၁၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နေ့ လယ် ၁ နာရီအချိန် ကမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း ကအဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် (VDP)စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ (၁၁)ရွာအားစီမံကိန်း ရန်ပုံငွေများကို ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများကလွှဲပြောင်းပေးအပ်ခဲ့ရာကျေးရွာကော်မတီဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် စီမံကိန်းကျေးရွာကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။  


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)