ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာတွင် ကျေးရွာမတည်စီမံကိန်း( VRFP )ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာတွင် ကျေးရွာမတည်စီမံကိန်း( VRFP )ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

 



MNP - ဩဂုတ်   ၂၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းဇလဲ ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာ မတည်ရံပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က ကျေးရွာနေပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြန်လည်ကုစားပေး နိုင်ရေး တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ကျေးရွာမတည်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဒေသခံ ပြည်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းနှင့် စီမံကိန်းချေးငွေများကိုလည်း လေလွင့်ဆုံးရှုးမှုမဖြစ်စေရေး စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအသင်းဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၆ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၆ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းသားဦးရေ ၈၉ ဦးအတွက် တတိယနှစ်စက်ဝန်း ကျေးရွာမတည်ရန်ပုံငွေကျပ် ၃၄ ဒသမ ၁ သန်း အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)