MNP - ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program) မှ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာလိုအပ်အပ်လျက်ရှိသော အိမ်ထောင်စုများကို ဆန်အိတ်များအား ထောက်ပံ့ဖြန့် ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြရိပ်ညို (၉) လမ်းရှိ ဝယဓမ္မဓမ္မာရုံ၊ သီရိဇေယျာလမ်းရှိ သီရိဇေယျာဓမ္မာရုံနှင့် နဝရတ် (၅) လမ်းရှိ အာယုပါလဓမ္မာရုံတို့တွင် အိမ်ထောင်စုများကို ဆန်အိတ်များ ထောက်ပံ့လျက်ရှိသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမှတ် (၅) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုများကို ဝယဓမ္မဓမ္ဓာရုံတွင် ဆန်အိတ်(၅၄၈) အိတ်၊ သီရိယျေဓမ္မာရုံတွင် ဆန်အိတ်(၄၃၄)အိတ်၊ နဝရတ်(၅)လမ်းရှိ အာယုပါလဓမ္မာရုံတွင် ဆန်အိတ်(၄၅၀)အိတ် တို့အား အိမ်ထောင်စုအသီးသီးတို့ကို ဆန်အိတ် တစ်အိတ်နှုန်းစီ ထောက်ပံ့ပေးဝေလျက် ရှိကြောင်းနှင့်ကမ္ဘာ့စားနပ်ရိက္ခာ (WFP) တာဝန်ခံ ဒေါ်ခင်သိန်းဦး၊ ဝန်ထမ်းများနှင့် (၅)ရပ်ကွက်အတွင်း တာဝန်ရှိသူတို့ပူးပေါင်း၍ ဆန်အိတ်စုစုပေါင်း (၁၄၃၂ ) အိတ်တို့ကို အထောက်အပံ့ပေးဝေလျက်ရှိကြောင်း သိရသည်။
သတင်း - ခင်ဝင်းမူ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment