နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်းနှင့် WVECကိုယ်ပိုင် အထက်တန်းကျောင်းသို့ ပေါက်ကွဲစေတက်သော ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်းနှင့် WVECကိုယ်ပိုင် အထက်တန်းကျောင်းသို့ ပေါက်ကွဲစေတက်သော ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

           


MNP - ဩဂုတ်   ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ပေါက်ကွဲစေတက်သောပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း၊ မွန်းလွဲ ၁၀ အချိန်က WVEC ကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ခွဲမှူး ဒေါ်ခင်ချိုအေးက ပေါက်ကွဲစေတက်သော ပစ္စည်းများအကြောင်း ဘေးအန္တရာယ်ထိခိုက်မှုဆိုင်ရာ အသိပညာပေးများကို ပိုစတာ၊ ဗွီနိုင်းများဖြင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့သည်။ ၎င်းနောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများ မေးမြန်းဖြေကြားစေခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အဆိုပါကျောင်းများအတွက် FaceShield နှင့်Mask များလှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြည်။


ဟောပြောပွဲသို့ ပညာအောင်မြေအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ (၁၈၉)ဦးနှင့် WVECကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပေါက်ကွဲစေတက်သောပစ္စည်းများအကြောင်းကို ကိုသိရှိနိုင်စေရန်နှင့် အန္တရာယ်ကြုံတွေ့သည့်အခါ ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ဟောပြောဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲထံမှသိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)