MNP - သြဂုတ် ၁၉
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးမှူး ဒေါ်ခင်သီတာဦး တို့က လူငယ်ဆိုင်ရာကဏ္ဍနှင့်ပတ်သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှု စသော ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်ရေးရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ပိုမိုဆောင်ရွက်နိုင်ရန်၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အတွေးအခေါ်များ မှန်ကန်စေရန်နှင့် ဗလငါးတန် ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အောင်မြင်စေရန်အတွက် မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ် (၁၀)ရပ်တို့ ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ အနေဖြင့် အားကစားကဏ္ဍများတွင် စိတ်ပါဝင်စားစွာပြီး ထူးချွန်သည့် လူငယ်များ ဖြစ်လာစေရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို တောင်ငူခရိုင် ပြန်/ဆက်ဦးစီးဌာန၏ ခရိုင်ပြည်သူ့စာကြည့်တိုက်အမည်ဖြင့် ဖွင့်လှစ်ထားသည့် လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment