ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေး သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေး သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၁၉


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက e-IDစနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ e-ID စနစ်ဖြင့် လူဦးရေစာရင်းဖြည့်သွင်းနေမှုများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မြေပြင်ရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ် ဆောင်ရွက် ဖြည့်သွင်းစေရေးတို့အား မှာကြားခဲ့သည်။


ထို့နောက် ယခုလ ၁၅ ရက်‌နေ့နှင့် ၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေတိုက်စားခြင်း တို့ကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့် ကျေးရွာအချို့တွင် နေအိမ်များပြိုလဲခြင်း၊ ကြိုတင် ပြောင်းရွှေ့ခြင်းများစသည့် သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသခံတပ်ရင်း တပ်ဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ တောကျောင်းအုပ်စု၊ နံဂတ်ကျေးရွာသို့ သွားရောက်ခဲ့ပြီး အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်ပူဇော်ခဲ့ကာ ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြို ကျမှုကြောင့် နေအိမ်(၁၅)လုံး ကြိုတင်‌ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြစ်ရေကြီးချိန် ကမ်းပြို၊ ကမ်းစားခြင်းလုပ်ငန်းများ ကာကွယ်နိုင်ရေးအတွက် အရေးပေါ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကမ်းပြိုကမ်းစားခြင်းကို ရေရှည်ကာကွယ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)