MNP - သြဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အများပြည်သူအား ခရီးသည် ပို့ဆောင်နိုင်ရေးအတွက် တွံတေး-လှိုင်သာယာ(BOC)၊ တွံတေး-ဒလမြို့နယ်များသို့ YBS 23 ယာဉ်လိုင်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက လွတ်လပ်ရေးကျောက်တိုင် (ယာယီ)ဂိတ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များက အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပြီး တွံတေးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ YRTC အဖွဲ့ဝင် (၁) ဦးခင်မောင်ထွေး၊ တွံတေးခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်၊ အမှတ်(၄၃၆) လုံခြုံရေးတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖုန်းမြင့်ကြွယ်၊ တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်တို့က YBS 23 လိုင်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး YBS 23 ယာဉ်များအား တာဝန်ရှိသူများက အန္တရာယ်ကင်းပရိတ်ရေများ ပတ်ဖျန်းခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ YBS 23 ယာဉ်လိုင်းသစ်သည် တွံတေး-လှိုင်သာယာကို တစ်ဦးလျှင်ငွေကျပ် (၇၀၀)ဖြင့်လည်းကောင်း၊ တွံတေး-ဒလကို တစ်ဦးလျှင်ငွေကျပ် (၅၀၀)ဖြင့်လည်းကောင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ခရီးသည် သယ်ယူပို့ဆောင်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်း - တွံတေးသား
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment