မိုးညိုမြို့နယ်တွင် ဆင်းသုခဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် လိုက်လံရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်တွင် ဆင်းသုခဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် လိုက်လံရောင်းချ



MNP - ဩဂုတ်   ၂၂


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ဆင်းသုခဆန် တစ်ပြည်လျှင် (၁၆၀၀)ကျပ် သက်သာသောဈေးနှုန်းဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ပေါ်အတွင်းသို့ ယနေ့နံနက်ပိုင်းက လှည့်လည်ရောင်းချပေးခဲ့‌ကြောင်း သိရသည်။


ထိုသို့လှည့်လည်ရောင်းချပေးရတွင် မိုးညိုမြို့ပေါ်ရှိ ရွှေဥဒေါင်းရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ ဇောတိကရပ်ကွက်၊ သခင်လှရှိန်ရပ်ကွက်များအတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆင်းသုခ ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ရပ်ကွက်နေပြည်သူများ အချိန်မရွေးဝယ်ယူနိုင်ရေးအတွက် ရွှေဥဒေါင်းရပ်ကွက်ရှိ အောင်မေတ္တာပွဲရုံနှင့် သစ်ဆန်းပွဲရုံတို့တွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ဆင်ဖြူတော်ပွဲရုံတို့၌လည်းကောင်း နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)