ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကွဲ BA4/BA5 ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးမပျက်မကွက်ထိုးနှံရေး အသိပညာပေးနှိုးဆော်မှု ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကွဲ BA4/BA5 ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးမပျက်မကွက်ထိုးနှံရေး အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်



MNP ၊ စက်တင်ဘာလ  ၃၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကွဲ BA4/BA5ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးနှင့်ကာကွယ်ဆေးများ မပျက်မကွက် သွားရောက်ထိုးနှံကြရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ပေါင်မြို့‌နယ်အတွင်း၌ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။


အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် BA4/BA5 ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိအိမ်တွင်နေထိုင်ရေး၊ မိမိ‌နေအိမ်ပြင်ပ ထွက်ခွါရပါက Mask ကိုစနစ်တကျ တပ်ဆင်‌ပြီး လူစုလူဝေးနေရာများကို ရှောင်ကြဉ်‌ရေး‌၊ လက်ကို မကြာခဏ ဆေးကြော‌ရေး၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျ စွန့်ပစ်ပြီး အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ၊ အိမ်သားများနှင့် အနီးကပ် မထိတွေ့‌စေရေး‌၊ ရောဂါကူးစက်ပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်း၊ ကာကွယ်ဆေးမပျက်မကွက် သွားရောက်ထိုးနှံခြင်းတို့ဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး စသည်တို့ကို လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)