MNP ၊ စက်တင်ဘာ ၃၀
ပေါင်မြို့နယ်တွင်(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၏ ဒုတိယ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းက ဝါရီရူခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင်ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်တို့က ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ အုပ်ချုပ်ရေးမှုးတို့အား ထောက်ပံငွေများ ပေးအပ်ခဲ့သည်။
သက်ကြီးဘိုးဘွားများ၏ ဝင်ငွေလုံခြုံမှုနှင့် ကိုယ်ပိုင်ဝင်ငွေရှိသည့် စိတ်ခံစားချက်ရရှိစေရန်၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီးလူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျုဟာစီမံချက်၏ အစီအစဉ်တစ်ရပ်အဖြစ် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ခြင်းကို (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်မှစတင်ကာ အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် တစ်လ (၁၀၀၀၀ိ/-)ကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်တွင် အကျုံးဝင်သည့်အသက်ကန့်သတ်မှုအား (၈၅)နှစ်နှင့်အထက်သို့ လျှော့ချပြောင်းလဲ၍ (၁)လလျှင် (၁၀၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပါသည်။
စက်တင်ဘာလ(၃၀)ရက်နေ့တွင် ယခုဘဏ္ဍာရေးနှစ်၏ ဒုတိယ(၃)လပတ်ဖြစ်သည့် ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတို့အတွက် ပေါင်မြို့နယ်အနေဖြင့် စုစုပေါင်း အဘိုး၊ အဘွား (၁၂၄၉)ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း (၃၇၄၇၀၀၀၀ိ/-) ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment