၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

 


MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ ပြီး အောင်ချက်မြင့်မားရေးအတွက် ပညာရေးဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယခုပညာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းအား ဖြေဆိုရန် နောက်ဆုံးအကြိမ် အခွင့်အရေးဖြစ်ပါကြောင်း၊ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ များ ရာနှုန်းပြည့်အောင်မြင်ရေး ကြိုးစားရမှာဖြစ်ပါကြောင်း၊ မိဘများကိုလည်း မိမိတို့ သားသမီးများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ရေး အခွင့်အရေးပေးရန် တိုက်တွန်းပါကြောင်း၊ ပညာရေးဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ ကျုံပျော်ခရိုင်သည် အောင်ချက်ကောင်းသည့် ခရိုင်ဖြစ်သဖြင့် အောင်ချက်အား ဆက်လက် ထိန်းသိမ်းရန် လိုပါကြောင်းနှင့် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများကို စာသင်ခန်း အသီးသီးသို့ ရောက်ရှိလာရေး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း” ပြောကြား သည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျုံပျော်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ  အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဌာနများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)