ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

 




MNP - စက်တင်ဘာ   ၁


ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို မြို့နယ်ပေါင်းစုံမှ ‌ဘောလုံးအသင်း (၁၀)ဖြင့် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း သြဂုတ် ၂၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ သြဂုတ် ၃၁ ရက် မွန်းလွဲ ၃ နာရီအချိန်က နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။


နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် နောင်မွန်မြို့နယ်အသင်းနှင့် မိုးကောင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြရာ မိုးကောင်းမြို့နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော ကစားသမား ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒိုင်လူကြီးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက နေရာအလိုက်အကောင်းဆုံးဆုနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစား သမားဆုများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက တတိယဆုရရှိသော ဝိုင်းမော်မြို့နယ် ဘောလုံးအသင်းအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော နောင်မွန်မြို့နယ် ဘောလုံးအသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ပထမဆုရ မိုးကောင်းမြို့နယ်အသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)