လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား အကြမ်းဖက်သမားများက လုယက်ယူဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား အကြမ်းဖက်သမားများက လုယက်ယူဆောင်


MNP ၊ စက်တင်ဘာ  ၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းသို့ ဩဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက်သမားများက သေနတ်များပစ်ဖောက် ဝင်ရောက်လာပြီး ၎င်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား လုယက် ယူဆောင်သွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဩဂုတ်လ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ မြို့မရပ်ကွက်ရှိ ရွှေဂွန်း-လက်ပံတန်းကူးတို့ဆိပ်သို့ စက်လှေ ၂ စီး ဆိုက်ကပ်လာပြီး ၎င်းစက်လှေ ၂ စီးပေါ်မှ အကြမ်းဖက်သမား ၈ ဦးဆင်းလာကာ တစ်ဦးမှ ကူးတို့ဆိပ်တွင် စောင့်နေခဲ့ပြီး ကျန် ၇ ဦးမှ မြို့မရပ်ကွက်အတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်၍ ကူးတို့ဆိပ်အနီးတွင် ဖွင့်လှစ်ထားသည့် ဦးအောင်သန်းထွန်း (၄၄)နှစ် (ဘ) ဦးထွန်းထွန်း ပိုင်ဆိုင်သည့် “သရဖူ” အာမခံရတနာရွှေဆိုင်မှ ရောင်းချမည့် ရွှေထည်ပစ္စည်းများ ခင်းကျင်းပြသထားသည့် မှန်ကောင်တာ ၂ ခုနှင့် ဦးဝေသန့်ဇင် (၅၁)နှစ်၊ (ဘ) ဦးသိန်းလွင် ပိုင်ဆိုင်သည့် “ထွန်း” ရတနာရွှေဆိုင်မှ မှန်ကောင်တာ ၃ ခုတို့အား အကြမ်းဖက်သမားများက သေနတ်ဒင်များဖြင့် ရိုက်ခွဲဖျက်ဆီးကာ “သရဖူ” အာမခံ ရတနာရွှေဆိုင်မှ ရွှေလက်စွပ် ၁၀၀ ကွင်း၊ ရွှေလက်ကောက် ၂၀ ကွင်း၊ ရွှေဆံညှပ် ၄ ခု ခန့်မှန်းတန်ဖိုး ငွေသိန်း ၆၀၀ ခန့်နှင့် “ထွန်း” ရတနာရွှေဆိုင်မှ ရွှေနားကပ် ၁၀ ရံ ခန့်မှန်းတန်ဖိုး ငွေသိန်း ၂၀ ခန့်၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၆၂၀ ခန့်အား လုယက် ယူဆောင်ကာ လက်ပံတန်းကျေးရွာဘက်သို့ စက်လှေဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့သည်။


ထိုကဲ့သို့ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ကာ လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)