ဖျာပုံမြို့ ကျုံကဒွန်းကျေးရွာတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုအခြေခံ စက်ချုပ်သင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့ ကျုံကဒွန်းကျေးရွာတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုအခြေခံ စက်ချုပ်သင်တန်းဆင်း

 


MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ မြို့နယ်အတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်း ပညာများဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော ကျုံကဒွန်းကျေးရွာတွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ (၅/၂၀၂၂)ရပ်ရွာအခြေပြု အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါကျေးရွာ မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်သည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်က အဖွင့်အမှာ စကားပြောကြားပြီး ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူ၊ ကျုံကဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းခိုင်သိန်းတို့က အသီးသီး သင်တန်းဆင်းအမှာစကား ပြောကြားကြသည်။ ထို့နောက်ရပ်ရွာအခြေပြု အခြေခံ စက်ချုပ်သင်တန်း(၅/၂၀၂၂) သင်တန်း တက်ရောက်ခဲ့ သော သင်တန်းသူများတွင် ထူးချွန် သင်တန်းသူတစ်ဦးအား ဆုပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်၊ ဖျာပုံမြို့နယ်၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ သင်တန်းသား/သင်တန်းသူများက လက်ခံရယူကြပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ ဖျာပုံမြို့နယ် တွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း များကို ဘဏ္ဍာရေးနှစ် ၁ နှစ်လျှင် သင်တန်း ၈ ကြိမ်၊ စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ဖျာပုံခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)