MNP ၊ စက်တင်ဘာ ၉
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၂)၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်စေဘဲ မသန်စွမ်းသူများအတွက် အကျိုးရှိသည့် လုပ်ငန်းများ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေကျပ် (၃) ဘီလီယံကို အလေအလွင့် မရှိစေဘဲ စနစ်တကျ တိုးပွားစေရေး၊ မသန်စွမ်းသူများကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုပုံစံ ချေးငွေထုတ်ချေးရေးကော်မတီ ချေးငွေကြီးကြပ်ရေးအဖွဲ့ နှင့်ချေးငွေစီစစ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်း ရေးဆွဲဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment