မအူပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေး



MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊‌ ကျောင်းသူများအား အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မလတ်တို ကျေးရွာအုပ်စုရှိ အလန်းအုပ်ကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ကာကွယ်ဆေး ထိုးနှံခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့သည်။


အဆိုပါဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းယုမော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၃၂၃)ကျောင်းတွင် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား (၄၀၀၀)ကျော်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)