နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ စိုက်ထူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ စိုက်ထူဆောင်ရွက်

 


MNP - စက်တင်ဘာ   ၃၀


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်  ဗီနိုင်းပိုစတာများ စိုက်ထူခြင်းများကို ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ "မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်" လက်ကမ်းစာစောင် (၁၀၀)စောင်ကို ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ နိုင်ငံသား စိစစ်ရေးကတ် ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးရာတွင်လည်း အဆိုပါ "မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။


ထို့နောက် အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ "မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်"ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဗီနိုင်း စိုက်ထူခြင်းများကိုလည်း ယမန်နေ့ ညနေပိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် လည်းကောင်း၊ ချောက်-မကွေး ကားလမ်းမကြီးဘေး ဘူတာရုံလမ်းဆုံတွင် လည်းကောင်း စိုက်ထူ၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ "မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်"တွင် နိုင်ငံသားစိစစ်ရေး ကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား မြို့နယ် လဝကရုံးများသို့ သွားရောက် ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားခြင်း ဖြစ်ကြောင်း သိရှိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)